၂-၁၁-၂၀၁၈ ရက်နေ့ (၀၈၀၀) အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ် (၉၆/၂၀၁၈)၊ ရဲဗလတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိ လောင်းအသိအမှတ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူများမှ နိုင်ငံတော်အလံ ထိကိုင်၍ ကတိသစ္စ္စာခံယူခြင်း သင်တန်းသား/သူအချင်းချင်းမှ အပြန်အလှန်အရာရှိလောင်း အသိအမှတ်ပြု အဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ဥက္ကာကို မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဌာနမှူး(စာပေ)၊ ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ တပ်စုမှူးများ၊ နည်းပြအရာရှိများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၆/၂၀၁၈) မှ သင်တန်းသား/သူ (၂၉၁)ဦးနှင့် ၄င်းတို့၏ မိဘဆွေမျိုး (၄၂၅)ဦး တက်ရောက်ခဲ့ပြီး (၀၈၃၀) အချိန် အခမ်းအနားပြီးဆုံးခဲ့ပါသည်။


 
No comments:
Post a Comment