၅.၁၂.၂၀၁၈ ရက်နေ့ ၁၄၀၀ အချိန်မှ ၁၅၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ် ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ ၁၂/၂၀၁၈ အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်း တက်ရောက်အမှာစကား ပြောခဲ့ပြီးနောက် ရဲအုပ် ကျော်လွင်မှ (၃.၁၁.၂၀၁၈) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ခင်နှင်းရည် (ရန်ကုန်တက္ကသိုလ်) ရေးသားသော " ပညာအခွင်အလမ်းရရှိဖို့ အရည်သွေးပြည့် ဆရာများ မွေးထုတ်စို့" ခေါင်းစဉ်နှင့် ရဲအုပ် ကျော်လွင်၏ဇနီး ဒေါ်ကြည်နွဲ့မှ (၈.၁၁.၂၀၁၈) ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါ ဆောင်းပါးရှင် ၀ိဿဇ္ဇက (ပဲခူး) ရေးသားသော " ကထိန်လျာသင်္ကန်းလှူဒါန်းခြင်း အကျိုးတရား" ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနခွဲမှူးများနှင့် အရာရှိ (၇၇)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း (၉၈)ဦး၊ မိသားစု (၁၀၅)ဦး၊ ပေါင်း (၂၈၀)ဦး တက်ရောက်၍ ဆန္ဒဖေါ်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။
 
No comments:
Post a Comment