Wednesday, December 26, 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ Giu Zhou ပြည်နယ်၊ Giu Zhou ရဲကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး Mr.Hao Yimin ဦးဆောင်သောအဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ လာရောက်လေ့လာခြင်း

၂၆.၁၂.၂၀၁၈ ရက်နေ့ ၀၈၃၅ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အုပ်ချုပ်ရေးရုံးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Giu Zhou ပြည်နယ်၊ Giu Zhou ရဲကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး Mr.Hao Yimin ဦးဆောင်သောအဖွဲ့ ရောက်ရှိခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်နှင့် ဌာန/ဌာနခွဲမှူးများမှ ကြိုဆိုခဲ့ကာ အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းနှင့် Giu Zhou ရဲကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး Mr.Hao Yimin တို့ အပြန်အလှန်နှုတ်ခွန်းဆက်စကားပြောကြား၍ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း နည်းပြမှူးချုပ်မှ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသမိုင်းနှင့် သင်တန်းသားများ လေ့ကျင့်ပေးနေမှုတို့အား Power point ဖြင့် ရှင်းလင်းခြင်း၊ Giu Zhou ရဲကောလိပ်မှ အရာရှိများမှ ရဲကောလိပ်တွင် သင်ကြားပို့ချနေမှုအား အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Giu Zhou ပြည်နယ်၊ Giu Zhou ရဲကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး Mr.Hao Yimin ဦးဆောင်သော အဖွဲ့သည် လေ့ကျင့်ရေးရုံးရှိ ကွန်ပျူတာစာသင်ခန်း၊ စာကြည့်တိုက်၊ ပြတိုက်နှင့် သင်တန်းသား စာသင်ခန်းမများအား လှည့်လှည်ကြည့်ရှုခဲ့ကာ ၁၀၅၅ အချိန်တွင် ရဲအရာရှိ  လေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။











No comments:

Post a Comment