၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက် (၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်)၊ ၁၆၀၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမရှေ့ ရေကစားမဏ္ဍပ်၌ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် (အကြိုနေ့) ဖွင့်ပွဲအခမ်းအနားအား ကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းနှင့်ဇနီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၄/၂၀၁၈)၊ ရဲသီဟတပ်ခွဲ၊ အမှတ်စဉ် (၉၆/၂၀၁၈)၊ ရဲဗလ တပ်ခွဲ၊ အမှတ်စဉ် (၉၇/၂၀၁၈)၊ ရဲသူရတပ်ခွဲများမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး မဟာ သင်္ကြန်ပွဲတော် (အကြိုနေ့) ဖွင့်ပွဲအခမ်းအနားကို မြူမှောင်ဝေကင်း သင်္ကြန်တေးသီချင်းဖြင့် သီဆို ဖွင့်လှစ်ကာ အခမ်းအနားသို့ ရောက်ရှိလာသော ကျောင်းအုပ်ကြီးနှင့်ဇနီးအား ဒုတိယကျောင်းအုပ်ကြီးနှင့် ဇနီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ သင်တန်းသား/သူများမှ သင်္ကြန်ရေအေးအား သပြေခက်ဖြင့် ပတ်ဖြန်းကာ သင်္ကြန်တေးသီချင်းများ သီဆို၍ ပျော်ရွှင်စွာ ရေကစား ခဲ့ကြပါသည်။ 
 
No comments:
Post a Comment