၁၂.၄.၂၀၁၉ ရက်နေ့ (၀၈၀၀) အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ခန်းမ (၂)၌ အမှုစစ်အရာရှိ (အထူး)သင်တန်း၊ အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်း တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး အကောင်းဆုံးကျောင်းသားဆုရရှိခဲ့သူ ကျောင်းသားအမှတ် ၃၊ ရဲ ၄၀၃၇ ဒုတိယရဲမှူး မျိုးမင်းနှင့် ရဲကျင့်ဝတ် ဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသားအမှတ် ၂၂၊ လ ၁၅၀၃၄၆ ရဲအုပ် ကျော်တင်ဦးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူး (လေ့ကျင့်)၊ ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများ၊ နည်းပြ အရာရှိများ တက်ရောက်ခဲ့ပြီး အမှုစစ်အရာရှိ (အထူး)သင်တန်းမှ သင်တန်းသား (၁၀၀)ဦးအား သင်တန်း ဆင်းပေးခဲ့ပါသည်။
No comments:
Post a Comment