Wednesday, April 3, 2019

တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၄/၂၀၁၉) ကျင်းပ

၃-၄-၂၀၁၉ ရက်နေ့၊ (၁၃၀၀) အချိန်မှ (၁၄၀၀) အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၄/၂၀၁၉) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်း တက်ရောက်အဖွင့်အမှာစကားပြောကြား ပြီးနောက် ရဲအုပ် နေမျိုးအောင်မှ (၅-၃-၂၀၁၉) ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ မောင်အောင် ရေးသားသော '' တစ်ဦးချင်းတိုးတက်မှုမှသည် နိုင်ငံတိုးတက်မှုသို့ " ခေါင်းစဉ်နှင့် ရဲအုပ် နေမျိုးအောင်၏ ဇနီး ဒေါ်သန်းသန်းအေးမှ (၉-၃-၂၀၁၈) ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါ ဆောင်းပါးရှင် ဒေါက်တာ အေးမြတ်လွင် (ဟင်္သာတ) ရေးသားသော '' အမျိုးသမီးများ စွမ်းပကားမြင့်ဖို့ စွမ်းအားတွေ မွေးကြပါစို့ " ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ဌာနမှူး (လေ့ကျင့်)၊  ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများနှင့် အရာရှိ  (၇၄)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း (၆၈)ဦး၊ မိသားစု (၈၅)ဦး၊ ပေါင်း (၂၂၇)ဦး တက်ရောက်၍ ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ပါသည်။








No comments:

Post a Comment