Wednesday, April 17, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ နှစ်ဆန်းတစ်ရက်နေ့ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အုပ်ချုပ်ရေးရုံးဧည့်ခန်းမဆောင်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့ နံနက် ၀၆၀၀ နာရီအချိန်၊ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပရာ၊ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းနှင့် ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများနှင့် သန္ဓေနည်းပြ အရာရှိများ၊ မိသားစုဝင်များ၊ ရဲသီဟ၊ ရဲဗလ၊ ရဲသူရ တပ်ခွဲများမှ ဒုတိယရဲအုပ်လောင်း သင်တန်းသား /သူများ တက်ရောက်၍ ပင့်သံဃာ (၁၀)ပါးတို့အား နို့စိမ်းခေါက်ဆွဲဖြင့် အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ရွာလယ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ အလှူတော်ငွေ ၁၁၀၀၀ဝိ/- အား ရေစက်ချလှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။





No comments:

Post a Comment