Wednesday, April 17, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း (၁)၊ ပွဲကြည့်စင်ရှေ့၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) ညနေ ၁၇၃၀ အချိန်တွင် ပင့်သံဃာ (၅)ပါးတို့မှ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ရာ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းနှင့်ဇနီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်ဇနီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး၊ ဌာနခွဲမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင် အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သူများ တက်ရောက်၍ ပရိတ်တရားတော်များနာယူခဲ့ကြပြီး န၀ကမ္မအလှူတော်ငွေ ၁၁၀၀၀ဝိ/-အား ရေစက် သွန်းချ လှူဒါန်းခဲ့ပါသည်။






No comments:

Post a Comment