၁၉-၄-၂၀၁၉ ရက် နေ့ ၀၈၀၀ အချိန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ဒုတိယရဲအုပ်လောင်း သင်တန်း၊အမှတ်စဉ်(၉၇/၂၀၁၉)၊ရဲသူရတပ်ခွဲ၏ ကတိသစ္စာ ခံယူခြင်းနှင့်  အရာရှိလောင်း အသိ အမှတ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ သင်တန်းသားများမှ နိုင်ငံတော်အလံထိကိုင်၍ ကတိသစ္စာခံယူခြင်း၊ဒုတိယရဲအုပ်လောင်း (၃)ဦးအား၊ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီးနှင့်နည်းပြမှူးချုပ်တို့မှ အရာရှိလောင်းအသိ အမှတ်ပြု အဆင့်တံဆိပ် တပ်ဆင်ပေးခြင်း၊ကျန်သင်တန်းသား (၂၉၈)ဦးတို့မှ အချင်းချင်းအပြန် အလှန် အရာရှိလောင်းအသိအမှတ်ပြုအဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီး နောက် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယ ကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ဌာနမှူး(လေ့ကျင့်ရေး)၊ဌာနမှူး(စာပေ)၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ တပ်စုမှူးများ၊ နည်းပြအရာရှိများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ် (၉၇/၂၀၁၉)၊ ရဲသူရတပ်ခွဲမှ သင်တန်းသား(၃၁၁)ဦးနှင့် ၎င်းင်းတို့၏ မိဘ ဆွေမျိုးများ တက်ရောက် ခဲ့ကြပါသည်။
 
No comments:
Post a Comment