Friday, April 26, 2019

ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ် (၉၄/၂၀၁၈) ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲကျင်းပ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၄/၂၀၁၈)  ရဲသီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ဧပြီလ ၂၆ ရက်နေ့ နံနက် (၀၇၃၀)အချိန်တွင် မန္တလေးတိုင်း၊ ဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး) စစ်ရေးပြကွင်း (၁)၌ ကျင်းပခဲ့ပါ သည်။
      ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့ပါသည်။ ထိုနောက် ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ရဲချုပ်အား ချီတက်အလေးပြုပြီး နောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ကျောင်းသားအမှတ် (၁၂၁)၊ ဒုတိယရဲအုပ်လောင်း နေမျိုးလွင်၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ကျောင်းသားအမှတ် (၃၀၂)၊ ဒုတိယရဲအုပ်လောင်း အောင်အောင်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားအမှတ် (၁၇၈) ဒုတိယရဲအုပ်လောင်း မင်းမင်းဦး၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ် (၁၁၆)၊ ဒုတိယရဲအုပ်လောင်း ထွန်းထွန်းဝင်း၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားအမှတ် (၉၅) ဒုတိယရဲအုပ်လောင်း ညီညီမျိုး တို့အား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။
       သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (၂) (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ဇနီး၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ဒုတိယ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး အဆိုပါ  ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၄/၂၀၁၈)  ရဲသီဟတပ်ခွဲမှ တပ်တွင်းဘွဲ့ရ အမျိုးသား (၂၉၅) ဦး အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး အဆင့်(၁) အမျိုးသား (၁၀)ဦး၊ စုစုပေါင်း (၃၀၅)ဦးတို့အား သင်တန်းဆင်းပေးခဲ့ပါသည်။











No comments:

Post a Comment