၁၈-၅-၂၀၁၉ရက်နေ့ (ကဆုန်လပြည့်နေ့)၊(၁၇၀၀)အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း ပုညကာရမဟာဝီရ စေတီတော်တွင် ကဆုန်ညောင်ရေးသွန်းလောင်းပွဲတော် အခမ်းအနားကျင်းပရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းနှင့် ဇနီး၊ ဒုတိယကျောင်းအုပ်ကြီး၊နည်းပြမှူးချုပ်၊ ဌာနမှူး/ ဌာနခွဲမှူးများ၊နည်းပြအရာရှိများ၊ မိသားစုဝင်များ၊ ဒုတိယရဲအုပ်လောင်း သင်တန်းသား/သူများ တက်ရောက် ခဲ့ကြပြီး အခမ်းအနားအား နမောတသ (၃)ကြိမ်ရွတ်ဆိုပြီး ၂၄ပစ္စည်းပဌာန်းရွတ်ဖတ်ကာ စေတီတော်အား လင်္ကျာရစ်(၃)ကြိမ် လှည့်လည်ပူဇော်ခြင်း၊ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်တို့မှ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊သင်တန်းသား/သူများမှ ဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်းခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်ပြုခဲ့ကြရာ (၁၈၀၀)အချိန်အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
 
No comments:
Post a Comment