ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊
ဗဟိုခန်းမ၌ ၂၀-၅-၂၀၁၉ ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၃၀) အချိန်ထိ
ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ် (၉၈/၂၀၁၉)၊ ရဲသီဟတပ်ခွဲ
သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂)
ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ကျောင်းအုပ်ကြီး
ယာယီရဲမှူးချုပ် ဟန်ထွန်းမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းအား
ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး
သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေလင်းမှ သင်တန်းသားများအား
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊
ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာနှင့်
ဆုရွေးချယ်ရေးဆိုင်ရာမှုဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး
ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊
နည်းပြအရာရှိများနှင့် မိတ်ဆက်ပေးခဲ့ ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့
ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊
ဌာနမှူး/ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပဏာမရွေးချယ်ထားသော သင်တန်းသား (၃၀၇) ဦးနှင့် အကျဉ်းဦးစီးဌာနမှ သင်တန်းသား
(၁၀) ဦး၊ စုစုပေါင်း (၃၁၇) ဦး တက်ရောက်ခဲ့ပါသည်။
No comments:
Post a Comment