ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊
 ဗဟိုခန်းမ၌  ၂၀-၅-၂၀၁၉ ရက်နေ့ (၁၀၀၀) အချိန်မှ (၁၁၀၀) အချိန်ထိ 
ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ် (၉၉/၂၀၁၉)၊ ရဲကျော်သူတပ်ခွဲ 
သင်တန်းဖွင့်ပွဲ အခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂) 
ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ကျောင်းအုပ်ကြီး 
ယာယီရဲမှူးချုပ် ဟန်ထွန်းမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းအား
 ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး
 သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေလင်းမှ သင်တန်းသား/သင်တန်းသူများအား 
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊ 
ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့်
ဆုရွေးချယ်ရေးဆိုင်ရာမှုဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး 
ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ 
နည်းပြများနှင့် မိတ်ဆက်ပေးခဲ့ ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့
 ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း(ဇီးပင်ကြီး)မှ ဒုတိယကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း၊ ဒုညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ နည်းပြအရာရှိများ၊ မီးသတ်တပ်ဖွဲ့မှ တပ်တွင်းဘွဲ့ရ ဒုတိယရဲအုပ်လောင်းသင်တန်းသား (၂၂၀)ဦး၊ သင်တန်းသူ (၁၂၅)ဦး၊ စုစုပေါင်း (၃၄၅)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းအား ၂၀၁၉ ခုနှစ်၊ မေလ  ၂၀ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့အထိ (၁၆) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ပါသည်။ 
No comments:
Post a Comment