Wednesday, June 5, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း၊ လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၆/၂၀၁၉) ကျင်းပ

၅-၆-၂၀၁၉ ရက်နေ့ ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း၊ လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၆/၂၀၁၉) အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် ရဲအုပ် အောင်မင်းမှ (၁၈.၅.၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် သိုက်စိုးထွန်း (နတ်ရွာ)ရေးသားသော ကိုယ့်လုပ်ရပ်ဟာ ကိုယ့်သိက္ခာ ခေါင်းစဉ်နှင့် ရဲအုပ် အောင်မင်း၏ဇနီး ဒေါ်မိုးမိုးအေးမှ (၂၈.၄.၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ပါမောက္ခခင်မောင်ဝင်း (အသည်း)ရေးသားသော အပူဒဏ်အန္တရာယ်သိမှတ်ဖွယ်ရာအဖြာဖြာ ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အထက်တန်းကျောင်းသား/သူ (၃၃)ဦး၏ ပညာသင်ထောက်ပံ့ငွေအား ကျောင်းအုပ်ကြီးမှလည်းကောင်း၊ အလယ်တန်းကျောင်းသား/သူ (၅၈)ဦး၏ ပညာသင်ထောက်ပံ့ငွေအား ဒုတိယကျောင်းအုပ်ကြီးမှလည်းကောင်း၊ မူလတန်းကျောင်းသား/သူ (၅၈)ဦး၏ ပညာသင်ထောက်ပံ့ငွေအား နည်းပြမှူးချုပ်မှ လည်းကောင်း၊ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများနှင့် အရာရှိ (၆၈)ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း (၅၅)ဦး၊ မိသားစု (၇၅)ဦး၊ စုစုပေါင်း (၁၉၈)ဦး တက်ရောက်၍ ဆန္ဒဖော်ထုတ်ပွဲနှင့်  ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအား ဆောင်ရွက်ခဲ့ပါသည်။












No comments:

Post a Comment