၁၆-၇-၂၀၁၉ ရက်နေ့၊ ၁၃၈၁ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၀၅၃၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ပုညကာရမဟာဝီရစေတီတော် ဓမ္မာရုံတွင် (၂၀)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကျင်းပပြုလုပ်ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းနှင့် ဇနီးဒေါ် နီနီလှိုင်၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး/ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ မိသားစုဝင်များနှင့် ဒုတိယရဲအုပ်လောင်း သင်တန်းသား/သူများ စုစုပေါင်း (၂၂၅)ဦးတက်ရောက်၍ ပညာဇေတာရုံကျောင်းတိုက် ဆရာတော်ဘုရားထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ပြီး လှူဒါန်းမှု အစုစု (၅၀၅၅၂၀၀)ကျပ်တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ပင့်သံဃာ (၁၀)ပါးတို့အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။








 
No comments:
Post a Comment