၂၆.၇.၂၀၁၉ ရက်နေ့၊ ၀၈၀၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်
(၉၈/၂၀၁၉) ရဲသီဟတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့်
အရာရှိလောင်းအသိအမှတ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ
သင်တန်းသားများမှ နိုင်ငံတော်အလံထိကိုင်၍ ကတိသစ္စာခံယူခြင်း၊
ဒုတိယရဲအုပ်လောင်းသုံးဦးအား ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်
နည်းပြမှူးချုပ်တို့မှ အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ခြင်း၊
ကျန်သင်တန်းသား (၃၁၁)ဦးတို့မှ အချင်းချင်း အပြန်အလှန်
အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ခြင်းတို့
ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းမှ
မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊
နည်းပြမှူးချုပ်၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနမှူး (စာပေ)၊ ဌာနခွဲမှူးများ၊
တပ်ခွဲမှူးများ၊ တပ်စုမှူးများ၊ နည်းပြအရာရှိများ၊
ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၈/၂၀၁၉) ရဲသီဟတပ်ခွဲမှ သင်တန်းသား
(၃၁၄)ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။


No comments:
Post a Comment