Friday, August 2, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၆/၂၀၁၈) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၆/၂၀၁၈) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊သြဂုတ်လ ၂ ရက်နေ့ နံနက် (၀၇၃၀)အချိန်တွင် မန္တလေးတိုင်း၊ ဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး) စစ်ရေးပြကွင်း (၁)၌ ကျင်းပခဲ့ပါ သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့ပါသည်။ ထိုနောက် ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ရဲချုပ်အား ချီတက်အလေးပြုပြီး နောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ကျောင်းသားအမှတ် (၆၂)၊ ဒုတိယရဲအုပ်လောင်းထက်လင်းအောင်၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ကျောင်းသားအမှတ် (၁၈၀)၊ ဒုတိယရဲအုပ်လောင်း အောင်မြတ်သူ၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၃၇) ဒုတိယရဲအုပ်လောင်း ဖြိးအိစံ၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၄၃)၊ ဒုတိယရဲအုပ်လောင်း မီမီကျော်၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၃၄) ဒုတိယရဲအုပ်လောင်း နေည်ကြည်စမ်းအေး တို့အား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (၂) (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ဇနီး၊ ဒုတိယပါမောက္ခချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ရဲအရာရှိကြီးများ၊တိုင်း/ပြည်နယ်တပ်ဖွဲ့မှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၆/၂၀၁၈) ရဲဗလတပ်ခွဲမှပြင်ပ ဘွဲ့ရအမျိုးသား (၁၇၂) ဦး ၊အမျိုးသမီး (၁၀၇)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယစုံစမ်းရေးမှူး (၁)ဦး၊ အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး အဆင့်(၁) အမျိုးသား (၁၀)ဦး၊ စုစုပေါင်း (၂၉၀)ဦးတို့အား သင်တန်းဆင်းပေးခဲ့ပါသည်။















 

No comments:

Post a Comment