ဇီးပင်ကြီး၊ နိုဝင်ဘာလ
၂၂ ရက်
၂၂-၁၁-၂၁၀၉ရက်နေ့၊၀၈၀၀အချိန်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲအရာရှိလေ့ကျင့်ရေးဗကျောင်ဗဟိုခန်းမ တွင် ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ်(၁၀၀/၂၀၁၉) ရဲဗလတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့်
အရာရှိလောင်း အသိအမှတ်ပြုခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/သူများမှ နိုင်ငံတော်အလံထိ
ကိုင်ပြီး ကတိသစ္စာခံယူခြင်း၊ ဒုတိယရဲအုပ်လောင်းသုံးဦးအား
ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဌာနမှူး (လေ့ကျင့်)ရေးတို့မှ အရာရှိလောင်း
အသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ခြင်း၊ ကျန်သင်တန်းသား/သူ(၂၆၃)ဦးတို့မှ အချင်းချင်း
အပြန်အလှန် အရာရှိလောင်း အသိအမှတ် ပြုအဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက်
ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ဟန်ထွန်းမှ မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊
ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနမှူး(စပေ)၊ ဌာနခွဲမှူးများ၊ တပ်ခွဲမှူးများ၊ တပ်စုမှူးများ၊
နည်းပြအရာရှိများ၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၀၀/၂၀၁၉) ရဲဗလတပ်ခွဲမှ သင်တန်းသား/သူ(၂၆၆)ဦးနှင့်
၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပါသည်။
No comments:
Post a Comment