ဇီးပင်ကြီး ၊ ဒီဇင်ဘာ ၄ ရက်
၎.၁၂.၂၀၁၉ ရက်နေ့ ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲနှင့် ဆန္ဒဖော်ထုတ်ပွဲ (၁၂/၂၀၁၉) အခမ်းအနားအား ကျင်းပရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ရဲမှူးချုပ် ဟန်ထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုရဲမှူး မြင့်ဦးမှ (၂၁.၉.၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် နန္ဒာဝင်း ရေးသားသော '' ကောင်းကျိုးဆီသို့ ရှေးရှုလို့ Facebook သုံးစွဲစို့ ''ခေါင်းစဉ် နှင့် ဒုရဲမှူး မြင့်ဦး၏ဇနီး ဒေါ်တင်မိုးဝင့်သိန်း မှ (၉.၁၁.၂၀၁၉) ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါရှင် ဒေါက်တာမော် ရေးသားသော '' ညနေစာ''ခေါင်းစဉ်အား ဖတ်ကြား ဆွေးနွေးခဲ့ကာ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး ၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနမှူး (စာပေ) ၊ ဌာနခွဲမှူးများနှင့် အရာရှိ (၅၆)ဦး ၊ အခြားအဆင့်/စာရေး/ကျန်းမာရေးဝန်ထမ်း (၉၇)ဦး၊ မိသားစု (၈၀)ဦး၊ စုစုပေါင်း (၂၃၃) ဦး တက်ရောက်၍ ဆန္ဒဖော်ထုတ်ပွဲအား ဆောင်ရွက်ခဲ့ ပါသည်။
No comments:
Post a Comment