ဇီးပင်ကြီး၊ ဇန်နဝါရီလ ၂၄ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ရက်၊ (၀၇၃၀)အချိန်တွင်၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ကျင်းပခဲ့ပါသည်။
ရှေးဦးစွာပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့ပါသည်။ ထိုနောက်ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက် အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီး နောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရကျောင်းသားအမှတ်(၅) ဒုတိယရဲအုပ်လောင်း ကောင်းမြတ်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရကျောင်းသားအမှတ်(၁၃၇) ဒုတိယရဲအုပ်လောင်း နေမျိုးဟိန်း၊ ဥပဒေဘာသာရပ်ထူးချွန် ဆုရကျောင်းသားအမှတ်(၂၃၇) ဒုတိယရဲအုပ်လောင်း ဝေဖြိုးအောင်(၁)၊ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရကျောင်းသားအမှတ်(၁၀၉) ဒုတိယရဲအုပ်လောင်း ဉာဏ်လင်းအောင်၊ အင်္ဂလိပ်စာထူးချွန်ဆုရကျောင်းသားအမှတ်(၆၁) ဒုတိယရဲအုပ်လောင်း ငြိမ်းချမ်း တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်/
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ၏ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၊ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား (၃၀၁)ဦး အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး အဆင့်(၁) အမျိုးသား (၈)ဦး၊ စုစုပေါင်း (၃၀၉)ဦးတို့အား သင်တန်းဆင်းပေးခဲ့ပါသည်။
No comments:
Post a Comment