Friday, January 24, 2020

ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
ဇီးပင်ကြီး၊ ဇန်နဝါရီလ ၂၄ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ (၀၉၃၀) အချိန် ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲရာထူးခန့်ချုပ် ရဲမှူး ချုပ် ဇော်မိုးသန်း တက်ရောက်အမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခြင်း၊ တပ်စိပ်ချေမှုန်းရေးထူးချွန်ဆုရရှိသည့် တပ်စိပ်အမှတ် (၂၁)မှ တပ်စိပ်ခေါင်းဆောင် ကျောင်းသားအမှတ် (၂၀၃)ဒုတိယရဲအုပ်လောင်း ရဲနေဒီ၊ ရဲကျင့်ဝတ်ဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၂၀) ဒုတိယရဲအုပ်လောင်း လွင်မိုးဦးတို့အား ကျောင်းအုပ်ကြီး ရဲမှူးချုပ် ဟန်ထွန်းမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ဌာနမှူးများ၊ဌာနခွဲမှူးများ၊ သင်တန်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် သင်တန်းဆင်း အရာရှိ စုစုပေါင်း (၃၀၉)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
 




 

No comments:

Post a Comment