Monday, May 11, 2020

၁၁-၅-၂၀၂၀ ရက်နေ့ ၁၇၀၀ အချိန် ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးချုပ် ဟန်ထွန်း၊ ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ဉက္ကာကို၊ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေလင်းတို့မှ ပေပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဩဘာသအား ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ငရုပ်သီးများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။


Friday, March 20, 2020

ရာထူးတံဆိပ်တပ်ဆင်ပွဲအခမ်းအနားကျင်းပ


ဇီးပင်ကြီး၊ မတ်လ ၂၀ ရက်

              ၂၀-၃-၂၀၂၀ ရက်နေ့၊ ၁၀၀၀ အချိန် မြန်မာနိုင်င်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ခန်းမ (၁)တွင်     ရဲတပ်ကြပ်ကြီး အဆင့်မှ ရဲအရာခံအဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရသော လ ၁၀၇၄၃၃ ရဲတပ်ကြပ်ကြီး မြဝင်းအား ကျောင်းအုပ်ကြီး ရဲမှူးချုပ် ဟန်ထွန်း နှင့် ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီး ဉက္ကာကို တို့မှ အခမ်းအနားဖြင့် ရာထူးတံဆိပ်တပ်ဆင်ပေးခဲ့ပါသည်။











Saturday, February 29, 2020

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၈/၂၀၁၉) ရဲသီဟတပ်ခွဲမှ သင်တန်းသားအရာရှိလောင်းများစုပေါင်း၍ အလှူတော်ငွေ ပေးအပ်လှူဒါန်း

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၈/၂၀၁၉) ရဲသီဟတပ်ခွဲမှ သင်တန်းသားအရာရှိလောင်းများစုပေါင်း၍ အလှူတော်ငွေ ပေးအပ်လှူဒါန်း
၂၉-၂-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၈/၂၀၁၉) ရဲသီဟတပ်ခွဲမှ သင်တန်းသားအရာရှိလောင်း (၃၁၃) ဉီးတို့သည် နည်းပြမှူးချုပ် ရဲမှူးကြီး စောနေလင်း ဉီးဆောင်မှုဖြင့် သင်တန်းဌာနခွဲမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးများမှ အနီးကပ်ကြီးကြပ်လျက် မန္တလေးမြို့ပေါ်လေ့လာရေးခရီးစဉ်တွင် စစ်ကိုင်းကောင်းမှုတော်ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး ထာ၀ရဘက်စုံပြုပြင်မွမ်းမံ တည်ဆောက်ရေးအတွက် အလှူတော်ငွေ ၁၀၆၄၈ဝဝိ/-အား ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခြင်း၊ ၎င်းနောက် မန္တလေးမြို့ ဝေရောစနကျောက်စိမ်းစေတီတော်သို့ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ရာ န၀ကမ္မအလှူတော်ငွေ ၂၅ဝဝဝဝိ/- အား ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။






Monday, February 24, 2020

‌ ဒုတိယရဲအုပ်လောင်းသင်တန်း၊ အမှတ်စဉ် (၁၀၁/၂၀၂၀)၊ ရဲသူရတပ်ခွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ဇီးပင်ကြီး၊ ဖေဖော်ဝါရီလ ၂၄ ရက်


ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ၂၄-၂-၂၀၂၀ ရက်နေ့ ၀၈၀၀ အချိန် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၀၁/၂၀၂၀) ရဲသူရတပ်ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ဒုတိယကျောင်း အုပ်ကြီး ရဲမှူးကြီး ဉက္ကာကိုမှ သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ သင် တန်းအားဖွင့်လှစ်ပေးခဲ့ပြီး (၀၈၃၀) အချိန် အခမ်းအနားပြီးဆုံးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲဒုတိယပိုင်းအား (၁၁၀၀) အချိန်မှ (၁၁၃၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ နည်းပြမှူးချုပ် ရဲမှူးကြီး စောနေ လင်းမှ သင်တန်းသားများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်း လက်စွဲပါ စည်းကမ်းချက်များ၊ ကျောင်းဝင်ညွှန်ကြားလွှာပါ စည်းကမ်းပိုင်း ဆိုင်ရာနှင့် ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ နည်းပြအရာ ရှိများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း နည်းပြမှူးချုပ်၊ ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနမှူး(စာပေ)၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပဏာမရွေးချယ်ထားသော တပ်တွင်းဘွဲ့ရသင်တန်းသား (၃၀၄)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ သင်တန်းသား(၂၁)ဦး၊ အကျဉ်းဦးစီးဌာနမှ သင်တန်းသား(၈)ဦး စုစု ပေါင်း(၃၃၃)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ (၃၉) ပတ် ကြာတက် ရောက်ရမည်ဖြစ်ပါသည်။
 



 

Wednesday, February 5, 2020

ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ


၅-၂-၂၀၂၀ ရက်နေ့ ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားလျက်ရှိသော ၂၀၁၉ NOVEL CORONAVIRUS ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကူးဆက်မှုမခံရစေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပရာ အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာ ချစ်ထူးက အသိပညာပေး ဟောပြောခြင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးဌာနမှူး ဒေါက်တာ သန်းဝင်းက ဖြည့်စွက်ဟောပြောခြင်း၊ တက်ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည်များကို မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကာ အခမ်းအနားသို့ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး (လေ့ကျင့်ရေး)၊ ဌာနခွဲမှူးများနှင့် အရာရှိ (၇၆) ဦး၊ အခြားအဆင့်၊ စာရေး၊ ကျန်းမာရေးဝန်ထမ်း (၈၅) ဦး၊ မိသားစု (၈၅) ဦး၊ ရဲသီဟ/ ရဲဗလတပ်ခွဲတို့မှ သင်တန်းသား/သူ (၅၇၉) ဦး စုစုပေါင်း (၈၂၅)ဦး တက်ရောက်ခဲ့ပါသည်။





 

Friday, January 24, 2020

ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
ဇီးပင်ကြီး၊ ဇန်နဝါရီလ ၂၄ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ (၀၉၃၀) အချိန် ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ ရဲရာထူးခန့်ချုပ် ရဲမှူး ချုပ် ဇော်မိုးသန်း တက်ရောက်အမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခြင်း၊ တပ်စိပ်ချေမှုန်းရေးထူးချွန်ဆုရရှိသည့် တပ်စိပ်အမှတ် (၂၁)မှ တပ်စိပ်ခေါင်းဆောင် ကျောင်းသားအမှတ် (၂၀၃)ဒုတိယရဲအုပ်လောင်း ရဲနေဒီ၊ ရဲကျင့်ဝတ်ဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ် (၂၂၀) ဒုတိယရဲအုပ်လောင်း လွင်မိုးဦးတို့အား ကျောင်းအုပ်ကြီး ရဲမှူးချုပ် ဟန်ထွန်းမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများ၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ဌာနမှူးများ၊ဌာနခွဲမှူးများ၊ သင်တန်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် သင်တန်းဆင်း အရာရှိ စုစုပေါင်း (၃၀၉)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
 




 

ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


ဇီးပင်ကြီး၊ ဇန်နဝါရီလ ၂၄ ရက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ရက်၊ (၀၇၃၀)အချိန်တွင်၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ကျင်းပခဲ့ပါသည်။
ရှေးဦးစွာပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့ပါသည်။ ထိုနောက်ဒုတိယရဲအုပ်လောင်းများမှ အနှေးလျှောက် အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီး နောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရကျောင်းသားအမှတ်(၅) ဒုတိယရဲအုပ်လောင်း ကောင်းမြတ်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရကျောင်းသားအမှတ်(၁၃၇) ဒုတိယရဲအုပ်လောင်း နေမျိုးဟိန်း၊ ဥပဒေဘာသာရပ်ထူးချွန် ဆုရကျောင်းသားအမှတ်(၂၃၇) ဒုတိယရဲအုပ်လောင်း ဝေဖြိုးအောင်(၁)၊ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရကျောင်းသားအမှတ်(၁၀၉) ဒုတိယရဲအုပ်လောင်း ဉာဏ်လင်းအောင်၊ အင်္ဂလိပ်စာထူးချွန်ဆုရကျောင်းသားအမှတ်(၆၁) ဒုတိယရဲအုပ်လောင်း ငြိမ်းချမ်း တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်/
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ၏ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၊ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းဆင်းအရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၉၇/၂၀၁၉) ရဲသူရတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား (၃၀၁)ဦး အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး အဆင့်(၁) အမျိုးသား (၈)ဦး၊ စုစုပေါင်း (၃၀၉)ဦးတို့အား သင်တန်းဆင်းပေးခဲ့ပါသည်။