ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၈၉/၂၀၁၆) ရဲသူရတပ်ခွဲ၏ ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြုအခမ်းအနားအား (၁၈-၃-၂၀၁၇) ရက်နေ့ (၀၇၃၀) အချိန်မှ (၀၈၀၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယရဲအုပ်လောင်းသင်တန်းသားများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးမှ လိုက်လံစစ်ဆေးခြင်း၊ နိုင်ငံတော်အလံအား ထိကိုင်၍ ကတိသစ္စာခံယူခြင်း၊ ကျန်ဒုတိယရဲအုပ်လောင်း (၃၁၁) ဦးတို့မှ အချင်းချင်းအပြန်အလှန်အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြပြီးနောက် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးက မိန့်ခွန်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနခွဲမှူးများ၊ သင်တန်းဌာနခွဲမှူးများ၊ တပ်ခွဲမှူး၊ တပ်စုမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ အရာရှိလောင်းသင်တန်းသား/သင်တန်းသူ (၃၁၁)ဦးနှင့် မိဘဆွေမျိုးများ အပါအ၀င် စုစုပေါင်း (၁၀၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment