Monday, March 20, 2017

ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ သင်တန်းဖွင့်ပွဲကျင်းပ

ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင် (၂၀-၃-၂၀၁၇) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၃၀) အချိန်ထိ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၀/၂၀၁၇) ရဲသီဟတပ်ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားအား ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ သင်တန်းဖွင့် မိန့်ခွန်းပြောကြားပြီး သင်တန်းအားဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီး ဒုတိယရဲမှူးကြီး တင့်ဆွေက သင်တန်းသား/သင်တန်းသူများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်းလက်စွဲပါ စည်းကမ်းချက်များ၊  ကျောင်းဝင်ညွန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ ဌာနခွဲမှူးများ၊ နည်းပြအရာရှိများ၊ တပ်တွင်းဘွဲ့ရ ဒုရဲအုပ်လောင်းသင်တန်းသား (၁၉၁)ဦး၊ သင်တန်းသူ (၁၁၀) ဦး၊ စုစုပေါင်း (၃၀၁) ဦး တက်ရောက်ခဲ့ ပါသည်။
အဆိုပါသင်တန်းအား ယနေ့ ၂၀၁၇ ခုနှစ်မတ်လ ၂၀ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့ထိ (၅၂) ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




No comments:

Post a Comment