မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း တပ်တွင်းစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ တပ်ဖွဲ့အတွင်း လစဉ်ဆွေးနွေးပွဲ (၃/၂၀၁၇) အခမ်းအနားကို (၂၄-၃-၂၀၁၇) ရက်နေ့ (၁၃၀၀) အချိန်မှ (၁၄၂၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေကျောင်း ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေအရာရှိ (၁၀၆)ဦး၊ အခြားအဆင့်၊ ကျန်းမာရေး၊ စာရေးဝန်ထမ်း (၁၀၃) ဦး၊ မိသားစု (၁၁၁)ဦး၊ စုစုပေါင်း (၃၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ရဲမှူးကြီး ၀င်းမြင့်စိုးမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဥပဒေဌာနခွဲမှ ဒုရဲမှူး နော်ခမ်းမှ ၂၁-၃-၂၀၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် တက္ကသိုလ် ပွင့်သူအောင်ရေးသားသော “ရေကိုစနစ်တကျစီမံခန့်ခွဲသုံးစွဲဖို့ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်စိုး” ခေါင်းစဉ်အား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီးမှ တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး၊ အချင်းချင်းကူညီရိုင်းပင်၍ တပ်ဖွဲ့ စည်းကမ်းနှင့်နေထိုင်ကြရန်၊ အရက်စွဲနေသည့် တပ်ဖွဲ့ဝင်စာရင်းအား ဌာနခွဲမှူးများမှ စိစစ်တင်ပြသွားရန် ထိုတပ်ဖွဲ့ဝင်များကို အရက်ပြတ်သည်အထိ စနစ်တကျကုသပေးရန်၊ တပ်ဖွဲ့ဝင်နှင့် မိသားစုများ ကျောင်းစာကြည့်တိုက်မှ စာအုပ်များငှားရမ်းဖတ်ရှုရန်၊ တပ်ဖွဲ့ဝင်မိသားစုများ ပြည်ပခရီးစဉ်သွားပါက ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရမှသာ သွားရန်၊ ပြည်ပခရီးစဉ်သွားမည့် တပ်ဖွဲ့ဝင်များ အင်္ဂလိပ်စာလေ့လာရန် ကျောင်းအုပ်ကြီး ပြည်ပခရီးစဉ်သွားနေစဉ် ကာလအတွင်း အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်မဖြစ်ပွားစေရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
 
No comments:
Post a Comment