မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊
မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏
တပ်ဖွဲ့အတွင်း ဆွေးနွေးပွဲနှင့် ဆန္ဒဖေါ်ထုတ်ပွဲ (၃/၂၀၁၇) အခမ်းအနားကို (၂၄-၃-၂၀၁၇) ရက်နေ့
(၁၄၃၀) အချိန်မှ (၁၆၀၀) အချိန်ထိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်စောယုနွယ်က
ဦးဆောင်ပြုလုပ်ခဲ့ပြီး သန္ဓေမိသားစုဝင် (၁၁၁) ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်
မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ကျောင်းအုပ်ကြီး၏ဇနီး ဒေါ်စောယုနွယ်က
အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဒုရဲမှူး နော်ခမ်း၏ဇနီး ဒေါ်နန်းခမ်းမေမှ ၁၄-၃-၂၀၁၇
ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် ကြည်လွင်မြင့်
(မုဒြာ) ရေးသားသော လေဖြတ်၍သင့်ဘဝ
မသေစေရန် ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ဆန္ဒဖေါ်ထုတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ မိသားစုဝင်များမှ
ဆောင်ရွက်ပေးရန်မရှိကြောင်း တင်ပြလာသည့် အတွက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 
No comments:
Post a Comment