ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ကျောင်းနယ်နမိတ် ခြံစည်းရိုးတစ်လျောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား (၁-၇-၂၀၁၇) ရက်နေ့ နံနက် (၀၇၀၀) အချိန်မှ (၀၉၀၀) အချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုး၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူးများ၊ ဌာန/ဌာနခွဲများမှ သန္ဓေတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား (၁၇၅) ဦးမှ စုပေါင်းစိုက်ပျိုးခဲ့ပါသည်။
အဆိုပါစိုက်ပျိုးပွဲတွင် ငုဝါ (၁၂၅) ပင်၊ ယူကလစ် (၁၁၀) ပင်၊ ခါတော်မီ (၁၀၀) ပင်တို့အား မြေချစိုက်ပျိုးခြင်း၊ ရေလောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းခြံစည်းရိုးတစ်လျောက် အပင်စုစုပေါင်း (၃၂၅) ပင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
 
No comments:
Post a Comment