ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ဗဟိုခန်းမတွင်
(၃-၇-၂၀၁၇) ရက်နေ့ (၀၈၀၀) အချိန်မှ (၀၉၂၀) အချိန်ထိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ
ဒုတိယ ရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၉၂/၂၀၁၇) ရဲသူရိန်တပ်ခွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားအား
ပထမပိုင်းနှင့် ဒုတိယပိုင်း အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ
ပထမပိုင်းတွင် ကျောင်းအုပ်ကြီး ယာယီရဲမှူးချုပ် ၀င်းမြင့်စိုးမှ သင်တန်းဖွင့် မိန့်ခွန်းပြောကြားပြီး
သင်တန်းအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းဖွင့်ပွဲ ဒုတိယပိုင်းအား ကျင်းပပြုလုပ်ခဲ့ရာ
နည်းပြမှူးချုပ် ယာယီရဲမှူးကြီး တင့်ဆွေက သင်တန်းသား/သင်တန်းသူများအား ရဲအရာရှိလေ့ကျင့်ရေးကျောင်းလက်စွဲပါ
စည်းကမ်းချက်များ၊ ကျောင်းဝင် ညွန်ကြားလွှာပါ စည်းကမ်းပိုင်းဆိုင်ရာများနှင့် ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒများကို
ပြောကြားရှင်းလင်းပေးခဲ့ပြီး ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊
နည်းပြများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ
ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွန်မှူး(စီမံ) ဦးအောင်မျိုး၊ ညွန်မှူး(ဥပဒေ) ဦးသိန်းဌေး၊ ညွန်မှူး (မန္တလေးတိုင်း) ဦးသော်တာအောင်၊
ဒုညွန်မှူး ဦးချစ်ကိုကို၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းမှ ဌာနမှူး(လေ့ကျင့်ရေး)၊ ဌာနမှူး(စာပေ)၊ ဌာနခွဲမှူးများ၊ သန္ဓေနည်းပြအရာရှိများ၊ ရဲသူရိန်သင်တန်းဌာနခွဲမှူး လက်ထောက်ညွန်မှူး
ဦးဝင်းဦး၊ တပ်ခွဲမှူး၊ တပ်စုမှူးများနှင့် ဒုရဲအုပ်လောင်းသင်တန်းသား (၂၅၆)ဦး၊ သင်တန်းသူ
(၆၀) ဦး၊ စုစုပေါင်း (၃၁၆) ဦးတက်ရောက်ခဲ့ပါသည်။
No comments:
Post a Comment